#Local_News
Published_ 29 December 2022

 

ပြင်ဦးလွင်-မန္တလေးကားလမ်း၊ ပြင်စာကျေးရွာ ခြောက်ထပ်ကွေ့အနီးတွင် ယနေ့ နံနက် (၉)နာရီ ဝန်းကျင်အချိန်တွင် ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသအခြေစိုက်သန္တိသုခအခမဲ့ လူမှုကူညီရေးအသင်းထံမှ သိရသည်။

 

တိမ်းမှောက်ခဲ့သည့်ယာဉ်မှာ အန်စာတုံးအမျိုးအစားယာဉ်ဖြစ်ပြီး၊ ယာဉ်ပေါ်ပါ လူသုံးဦးအနက် ခရီးသည်တစ်ဦးမှာ ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်းသိရသည်။

 

အဆိုပါ ခရီးသည်အမျိုးသားတစ်ဦးသည် ဘယ်ဘက်မျက်လုံးနှင့်ရင်ဘက်ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

 

#ymg/myn
#Yangon_Media_Group