#Local_News
Published_ 28 December 2022

 

မြန်မာနိုင်ငံတွင် လူသိများသော ရှေ့နေ ဒေါ်ရွက်နုအောင်ကို ယနေ့တွင် ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

 

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက် ညနေပိုင်းက မန္တလေးမြို့တွင် အထိန်းသိမ်း ခံခဲ့ရသော ဒေါ်ရွက်နုအောင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် သက်ဆိုင်ရာက တရားစွဲဆိုခဲ့ပြီးနောက် ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် မန္တလေးအိုးဘိုထောင်တွင်း တရားရုံးက ထောင်ဒဏ် ၁၅ နှစ်ချလိုက်ခြင်းလည်း ဖြစ်သည်။

 

မန္တလေးအခြေစိုက် ဒေသခံခုခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ကို ငွေကျပ်သုံးသိန်း ထောက်ပံ့ခဲ့သည်ဆိုသော အမှုကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် မန္တလေးခရိုင်ရဲမှူးက ဒေါ်ရွက်နုအောင်ကို တရားလိုလုပ်၍ အမှုဖွင့်ခဲ့ခြင်းလည်း ဖြစ်သည်။

 

ဒေါ်ရွက်နုအောင်သည် နေပြည်တော် ဗစ်တိုးရီးယားအမှု အပါအဝင် ဒေါက်တာဇော်မြင့်မောင်နှင့် အခြားအမှုများကို လိုက်ပါဆောင်ရွက်ခဲ့သော ရှေ့နေလည်း ဖြစ်သည်။

 

#ymg/mt
#Yangon_Media_Group