#Local_News
Published_ 26 December 2022

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့ ရွှေကြက်ယက်ဘုန်းတော်ကြီးကျောင်းအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ သံဃာလေးပါးနှင့် ကလေးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အနက် သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း ဒေသခံတစ်ဦးက YMG သို့ ပြောသည်။

 

ယင်းပေါက်ကွဲမှုမှာ ယနေ့ ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁၁ နာရီ ခွဲခန့်အချိန်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး၊ ဒေသခံများအဆိုအရ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က Drone ဖြင့် ပစ်ချကာ ဖောက်ခွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

 

"ဗုံးသုံးလုံးကြဲသွားတယ်လို့ အဲဒီနားကဒေသခံတွေက ပြောတယ်။ သံဃာတစ်ပါးကတော့ပျံလွန်တော်မူသွားပြီလို့ကြားတယ်။ ကျန်တဲ့ ဘုန်းကြီးကျောင်းသားကလေးတစ်ဉီးနဲ့ သံဃာတစ်ပါးကိုတော့ ဘားအံပြည်သူ့ဆေးရုံကို ပို့မယ်လို့လည်းကြားပါတယ်။"ဟု ရှင်းပြသည်။

 

ပြီးခဲ့သော ဒီဇင်ဘာလ တတိယပတ်အတွင်းမှစတင်၍ ကော့ကရိတ်မြို့အနီး တိုက်ပွဲငယ်များဖြစ်ပွားလျက်ရှိပြီး၊ အရပ်သားပြည်သူအချို့ စစ်ဘေးရှောင်ရမှုများရှိသကဲ့သို့ ထိခိုက်သေဆုံးမှုအချို့လည်းရှိလာခဲ့သည်။

 

#ymg/myn
#Yangon_Media_Group