#Local_News
Published_ 26 December 2022

 

ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ရုရှားဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Igor MUKHAMETSHIN ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ် အရာရှိရိပ်သာ၌ လက်ခံတွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံရေတပ်အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

 

ထို့အပြင် နှစ်နိုင်ငံရေတပ်မှစစ်ရေယာဉ်များ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ လေ့လာလည်ပတ်နိုင်မှုနှင့် နှစ်နိုင်ငံရေတပ်များအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မာရေးအတွက် အဆင့်လိုက်ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လေ့လာလည်ပတ် နိုင်ရေး၊ မြန်မာ့တပ်မတော်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သင်တန်းသားများ စေလွှတ် သင်ကြား လျက်ရှိတဲ့ အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

 

အဆိုပါ တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့်အတူ တပ်မတော် (ရေ) မှ အရာရှိကြီးများ တက်ရောက်ကြကြောင်း သိရပါတယ်။

 

ရုရှားဒုတိယရေတပ်ဦးစီးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရေတပ် လေ့ကျင့်ရေးဌာနချုပ်၌ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ၏ လေ့ကျင့်ရေးဆိုင်ရာ ဆောင်ရွက်ပေးနေမှုကို ရှင်းလင်းတင်ပြခဲ့ကြပြီး Ship Handling Simulator တွင် လေ့ကျင့်နေမှု၊ Engine Room Simulator တွင် လေ့ကျင့်နေမှုများကို ကြည့်ရှု လေ့လာ ကြကြောင်း သတင်းရရှိပါတယ်။

 

#ygm_mnn
#Yangon_Media_Group