#Local_News
Published_ 24 December 2022

အာရှ-ဥရောပရေအောက်ကေဘယ်ဆက်သွယ်ရေးစနစ်သည် ဖျာပုံမြို့ရှိရေအောက်ကေဘယ်စခန်းမှ(၁၁၀)ကီလိုမီတာတွင် ပြတ်တောက်သွားသဖြင့် ပြုပြင်ရေးများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်၊၊

 

အဆိုပါ ကေဘယ်ဆက်သွယ်ရေးစနစ်သည် နိုင်ငံတကာဆက်သွယ်ရေးဆက်ကြောင်းဖြစ်ပြီး နိုဝင်ဘာ(၅) ရက်က စတင်ပြတ်တောက်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ(၂၀)ရက်မှ ၂၀၂၃ဇန်နဝါရီ(၁)ရက်အထိ ပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်၊၊

 

ယင်းပြုပြင်ရေးလုပ်ငန်းများကို ရေအောက်ကေဘယ်ပြုပြင်ရေးသင်္ဘော ASEAN RESTORER ဖြင့် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်သည်၊၊

 

ပြုပြင်ရေးလုပ်ငန်းများကို မြောက်လတ္တီတွဒ်(၁၅) ဒီဂရီ၊ (၃၇၀၅၉)မိနစ်၊အရှေ့လောင်ဂျီတွဒ် (၀၉၅)ဒီဂရီ ၊ (၄၆၄၃၇)မိနစ်အတွင်းဆောင်ရွက်မည်ဖြစ်ပြီး ပြုပြင်ရေးလုပ်ငန်းများနှောင့်နှေးကြန့်ကြာခြင်း မရှိအောင်ယင်းတည်နေရာများမှ(၄)ကီလိုမီတာပတ်လည်အတွင်း 'ရေကြောင်းသတိပေးချက် 'ထုတ်ပြန်ကြေညာထားပြီး သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်း သွားလာခြင်း ကျောက်ချနားခြင်း ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်းများ မပြုလုပ်ရန် ငါးလုပ်ငန်းဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group