#Local _News
Published _ 19 December 2022

 

တစ်ပတ်မှာ သုံးရက်ပြေးဆွဲပေးနေတဲ့ ရန်ကုန်-မန္တလေး အမှတ်(၅)အဆန်/အမှတ်(၆)အစုန် လေအိတ်ရထား ခရီးစဉ်ကို ဒီဇင်ဘာလ ၂၁ ရက်မှ ဇန်နဝါရီလ ၂ ရက်အထိ ကာလတိုအနေဖြင့် နေ့စဉ်ပြေးဆွဲပေးသွားမည်ဟု မြန်မာ့မီးရထားမှ သိရသည်။

 

ခရစ္စမတ်နဲ့ နှစ်သစ်ကူးရုံးပိတ်ရက်တွေမှာ ခရီးသွားတွေများပြားနိုင်တာကြောင့် ယခုလိုပြေးဆွဲပေးဖို့ စီစဉ်ရတာဖြစ်ကြောင်းလည်း သိရှိရသည်။

 

"ရထားထွက်ခွာချိန်နဲ့ လက်မှတ်ခနှုန်းထားကတော့ ပုံမှန်အတိုင်းအပြောင်းအလဲ မရှိဘူး။ လာမယ့် ၂၁ရက်နေ့ကနေ ၂၀၂၃ ဇန်နဝါရီလအထိ ပြေးဆွဲပေးသွားမှာပါ။ ပထမသတ်မှတ်ထားတဲ့ ၄လပိုင်း ၁ရက်နေ့က သတ်မှတ်ထားတဲ့ လက်မှတ်ဈေးနှုန်းတွေအတိုင်း အတက်အကျမရှိပဲ ပြေးဆွဲပေးသွားမှာပါ" ဟု ရန်ကုန်ဘူတာကြီးရဲ့ ရုံပိုင်ချုပ်ကြီးက YMG ကို ပြောခဲ့သည်။

 

လက်ရှိတွင် ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ အမှတ်(၃)အဆန်၊(၄)အစုန်အမြန်ရထား နေ့စဉ်ပြေးဆွဲပေးနေပြီး အမှတ်(၁)အဆန်၊(၂)အစုန် စာပို့ရထားက တစ်ရက်ခြားနဲ့ အမှတ်(၅)အဆန်၊(၆)အစုန် လေအိတ်အမြန်ရထားကတော့ တစ်ပတ်လျှင် သုံးရက် ပြေးဆွဲပေးနေကြောင်း သိရသည်။

 

#ymg/NN
#Yangon_Media_Group