#Local_News
Published_16 December 2022

 

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရှစ်လကျော်ကာလအတွင်း ပြည်ပသို့ပို့ကုန်တင်ပို့မှုသည် ယမန်နှစ်ထက် အမေရိကန်ဒေါ်လာ နှစ်သန်းကျော်တိုးလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။

 

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၆၇ သန်းပို့ကုန်ဝင်ငွေ ရရှိထားကြောင်းဖော်ပြထားသည့်စာရင်းများအရ သိရသည်။ အလားတူပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၇ သန်းကျော်သာရရှိခဲ့ကြောင်း သိရသည်။

 

ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့နေသည့် နယ်စပ်စခန်းများအနက် စစ်တွေဂိတ်မှ အမေရိကန်ဒေါ်လာ ၉၉ ဒသမ ၈၂ သန်းဖြင့်အများဆုံးကုန်သွယ်မှုပြုလုပ်ထားကြောင်း သိရသည်။ ယခုဘဏ္ဍာနှစ်အတွင်း စစ်တွေနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်း နှစ်ခုမှ ရေထွက်ကုန်အများဆုံးတင်ပို့ခဲ့ကြောင်း သိရသည်။

 

အဆိုပါစခန်းနှစ်ခှမှ ရေထွက်ကုန် ၆၅ ရာခိုင်နှုန်း၊ ကုန်ခြောက် ၃၅ ရာခိုင်နှုန်း တင်ပို့နေပြီး ရေထွက်ကုန်တင်ပို့မှုတွင် မွေးမြူရေးငါးမြစ်ချင်း၊ ငါးမုန့်မည်း၊ ငါးသလောက်၊ ငါးနီတူခြောက်နှင့် ငါးမှုန့်ခြောက်များ ပါဝင်ပြီး ကုန်ခြောက်များတွင် မန်ကျည်းသီး၊ ချင်း၊ ကြက်သွန်၊ ထန်းလျက်အစရှိသည့် ကုန်ခြောက်များပါဝင်ကြောင်း သိရသည်။

#ymg/sth
#Yangon_Media_Group