#Local _News
Published _ 16 December 2022

 

ကရင်ပြည်နယ် ဘားအံမြို့တွင် ယနေ့ ဒီဇင်ဘာ လ ၁၆ နံနက်ပိုင်းတွင် ကားတစ်စီး အရှိန်လွန်ပြီး လမ်းဘေးရေမြောင်းအတွင်းသို့ ထိုးကျသွားခဲ့ကာ ၁ ဦးသေဆုံးသွားကြောင်း မာဃလူမှုကူညီရေးအသင်း (Marga Ambulance & Rescue Service)ထံမှ သိရှိရသည်။

 

ဖြစ်စဥ်မှာ ဘားအံမြို့နယ်၊ ကော့မူယာကျေးရွာ၊ ဘားအံ- မော်လမြိုင် အဖြောင့်လမ်း၊ ထုံးအိုင် လမ်းခွဲအကျော်တွင် ကား ၁စီး အရှိန်လွန်၍ လမ်းဘေးရေမြောင်းအတွင်း ထိုးကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါလာသည့် ယာဉ်မောင်းအမျိုးသား ၁ဦး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

 

သေဆုံးသွားသည့် ယာဉ်မောင်း၏ ရုပ်အလောင်းကို မေတ္တာစေတနာ လူမှုကူညီရေးအသင်း(ကော့ကျိုက်) နှင့် မာဃလူမှုကူညီရေးအသင်း (ဘားအံ) တို့ပူးပေါင်းဆယ်ယူပြီး ဘားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟုလည်း သိရသည်။

#ymg/NN
#Yangon_Media_Group