#Local_News
Published _ 15 December 2022

တာချီလိတ်မြို့နယ်အတွင်းရှိ လမ်းဘေးမြောင်းအတွင်းမှာ ပုပ်ပွနေသည့် အမျိုးသားတစ်ဦး၏ အလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းထံမှ သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၁၄ရက် နေ့လည် ၂နာရီဝန်းကျင်ခန့်တွင် တာချီလိတ်မြို့၊ လွယ်စတုံသွားရာလမ်း တာဝေမီးစက်အကျော် လမ်းဘေးမြောင်းအတွင်းမှာ ပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း အသင်းမှ တာဝန်ရှိသူက YMG ကိုပြောခဲ့သည်။

 

"လမ်းဘေးမြောင်းထဲမှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားက ပျံကျနေထိုင်သူတစ်ဦးဖြစ်တယ်လို ခန့်မှန်းရပါတယ်။ ပြီးတော့ သူ့ကိုတွေ့တော့ မျက်နှာကမဲနေပြီး ပျက်ဆီးနေပါပြီ။ အသက် ၃၀ ဝန်းကျင်လောက်ရှိမယ်လိုတော့ ခန့်မှန်းရပါတယ်။ တာဝန်ရှိသူတွေခေါ်ပြီး သမားရိုးကျသေဆုံးတာလို အတည်ပြုပြီးတော့ အသင်းကနေ အခေါင်းတစ်လုံးနဲ့ မီးရှိပေးလိုက်ပါတယ်"ဟု ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ ဆိုသည်။

#ymg/NN
#Yangon_Media _Group