#Local_News
Published_14 December 2022

 

၂၂၁-၂၀၂၂ ဘဏ္ဍာနှစ်(Mini Budget) (၆) လတာကာလအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ငါးမြစ်ချင်းတင်ပို့မှုမြင့်တက်လာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများမှ သိရသည်။

 

၂၂၁-၂၀၂၂ ဘဏ္ဍာနှစ်(Mini Budget) (၆) လတာကာလအတွင်း မြန်မာ့ရေချိုငါး ငါးမြစ်ချင်းတန်ချိန် ၅၁၈၀ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၁ သန်း ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပြီး ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလ မှ စက်တင်ဘာလအထိ) (၆) လတာကာလအတွင်း မြန်မာ့ရေချိုငါးငါးမြစ်ချင်းတန်ချိန် ၅၁၉၅ တန်၊ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၉ သန်းတင်ပို့နိုင်ခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ထက် ကာလထက် အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၈ သန်း တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

 

ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အချို့တွင် ငါးမွေးမြူရေးကန်များကို စီးပွားဖြစ် တူးဖော်လုပ်ကိုင်လျက်ရှိကြောင်း၊ ယင်းအပြင် မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ စက်မှုကုန်ချောပစ္စည်းများ တင်ပို့လျက်ရှိရာတွင် ရေထွက်ပစ္စည်း တစ်မျိုးဖြစ်သည့် မြန်မာ့ရေချိုငါး ငါးမြစ်ချင်းကို မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ တင်ပို့ခြင်းဖြစ်သည်။

 

ယင်းအပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အစဖြစ်သည့် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၂ ရက်အထိ ရှစ်လကျော်ကာလအတွင်း ပြည်ပသို့ အမေရိကန်ဒေါ်လာ ၄၉၁ ဒသမ ၂၄ သန်းတန်ဖိုးရှိသည့် ရေထွက်ကုန်ပစ္စည်းများကို တင်ပို့ထားသည်။

 

#ymg/sth
#Yangon_Media_Group