#LocalNews
Published _ 12 December 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊အမှတ်(၁၂၄)ရပ်ကွက်၊ အင်းဝလမ်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်းအားဆိုင်ရာ မြို့ နယ်ဦးစီးမှူးရုံး ဧည့်သည်နားနေဆောင်၌ ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက်ပိုင်းက လက်နက်ကိုင်များ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် အရပ်သား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

ဒဏ်ရာရသူများမှာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ယုဇနလမ်း၊ အမှတ်(၅၁၈) နေသူများဖြစ်သည့် အသက် ၄၃ နှစ်အရွယ် ဦးဝင်းထက်ဦး နှင့် အသက် ၂၀ အရွယ် မခင်တွယ်တာဦးတို့ ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ပေါက်ကွဲမှုကြောင့် ဦးဝင်းထက်ဦး၏ ဦးခေါင်းနှင့် ခန္ဓာကိုယ် ဘယ်ဘက်အခြမ်းတို့တွင် လည်းကောင်း၊ မခင်တွယ်တာဦး၏ ဘယ်ညာ ခြေထောက်တို့တွင်လည်းကောင်း မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကလိုအပ်သောဆေးဝါးကုသမှုများဆောင်ရွက်ပေးကာ တပ်မတော် ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ဖောက်ခွဲမှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများ အား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ymg/mt
#Yangon_Media_Group