#Local_News
Published_ 10 december 2022

 

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၄၁)လမ်း၌ ယနေ့ ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၁ နာရီ ၂၄ မိနစ်တွင် ရွေ့လျားဆီအရောင်းကား မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ဖြစ်စဉ်မှာ မဟာအောင်မြေမြို့နယ်၊ အနောက်ကမ်းနားလမ်း၊ စိန်ပန်းရပ်မြို့ပတ်လမ်း၊ အကွက်အမှတ် (၃၄၈) အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

မီးလောင်ရာနေရာသို့ Level 1 အဆင့် ယာဉ်အုပ်စုများဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ယနေ့ နံနက် ၁၁ နာရီ ၃၂ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

မီးလောင်ရသည့်အကြောင်းအရင်းနှင့် ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးအား စိစစ်ဆဲဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

 

#ymg/NN
#Yangon _Media _Group