Published: 7 Dec 2022

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ဖို့သဘောတူထားတဲ့ သံအမတ်ကြီး Mr.Mongkol Visitstump  မစ္စတာ မောင်ကောလ်ဗစ်ဆစ်တမ့်ဟာ  ဒီဇင်ဘာ(၇)ရက် ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက  နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံးမှာ  နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ သူ့ရဲ့သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့တယ်လို့ နစကရဲ့ သတင်း   ထုတ်ပြန်ချက်အရသိရပါတယ်။

သံအမတ်ခန့်အပ်လွှာပေးအပ်ပြီးနောက် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ ထိုင်းသံအမတ်ကြီးအသစ် မောင်ကောလ် ဗစ်ဆစ်တမ့်နှင့်  ထိုင်းနှင့်မြန်မာအကြား သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုတွေ တိုးမြှင့်ဆောင်ရွက်သွားဖို့၊ နယ်စပ်ကုန်သွယ်ရေး၊စီးပွားရေး ရင်းနှီးမြှပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်သွား ရေး၊ မြန်မာနှင့်ထိုင်း အဆင့်မြင့်အရာရှိကြီးတွေ အစည်းအဝေးကျင်းပနိုင်ရေးတွေဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းသံအမတ်ကြီးအသစ်ဟာ ဆက်လက်ပြီး နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချူပ်မှူးကြီး စိုးဝင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့်လည်း သီးခြားစီတွေ့ဆုံခဲ့ကြတယ်လို့ သိရှိရပါတယ်။

ဒုတိယဗိုလ်ချူပ်ကြီး စိုးဝင်းနှင့်တွေ့ဆုံစဉ် အစိုးရနှင့်တပ်မတော်များအကြား အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်တွေ လည်ပတ်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊တရားမဝင်ကုန်သွယ်မှဒနှင့် တရားမဝင်အလုပ်သမားကိစ္စ တိုက်ဖျက် ရေး၊ခရီးသွားလုပ်ငန်းတိုးတက်ရေး၊ကုန်သွယ်မှုနှင့်ရင်းနှီးမြှပ်နှံမှုကိစ္စများ၊နယ်စပ်ဒေသလမ်းပန်းဆက်သွယ်မှုတိုးတက်ရေး နှင့် ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စတွေဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

#Yangon_Media_Group

-knl/ymg