#Local_News
Published_ 6 December 2022

 

မြန်မာ-ရုရှား နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့်စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာစေရန် တတိယအကြိမ် ရုရှား-မြန်မာအစိုးရချင်းကုန် သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကော်မရှင်အစည်းအဝေးအား ဒီဇင်ဘာ ၅ ရက် နံနက် ၁၀ နာရီက နေပြည်တော်၌ပြုလုပ်ခဲ့ပါတယ်။

 

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်နှင့်ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး H.E Mr. Maxim Reshetnikov တို့ကအဖွင့်အမှာစကားများ ပြောကြားခဲ့ကြပါတယ်။

 

ထို့နောက် ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလက်ရှိအခြေအနေ၊ သဘောတူညီချက်များနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးအားကောင်းခိုင်မာခြင်း၊ ကုန်သွယ်မှု၊ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ခြင်း၊ စက်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက် ခြင်း၊ ဘဏ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းတို့အား ဆွေးနွေးခဲ့ကြပြီး ရုရှား-မြန်မာနှစ်နိုင်ငံ သဘောတူညီမှု စာချုပ်စာတမ်း ၇ ခုကို မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

 

ရုရှားစီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ်များနှင့်မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ကလည်း စက်မှုနှင့်စိုက်ပျိုးရေးကဏ္ဍ၊ စွမ်းအင်နှင့်ဓာတ်သတ္တုလုပ်ငန်းကဏ္ဍ၊ ဘဏ်နှင့် ငွေကြေးဆိုင်ရာကဏ္ဍ၊ သတင်းအချက်အလက်နှင့်ဒီဂျစ်တယ်နည်းပညာက ဏ္ဍ၊ဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်ခြင်းလုပ် ငန်းကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် ထောက်ပံ့ပို့ ဆောင်ရေးလုပ်ငန်းကဏ္ဍတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။

#ygm_mnn

#Yangon_Media_Group