#Local_News
Published_6 December 2022

 

ပတ်စ်ပို့ Online စနစ်ခေတ္တရပ်ဆိုင်းထားချိန် ပြည်ပအရေးပေါ်သွားလိုသူများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ လူကိုယ်တိုင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)သို့ သွားရောက် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း အဆိုပါ ရုံးကသိရသည်။

 

လျှောက်ထားလိုသူများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန၏ ထောက်ခံချက်၊ စာရွက်စာတမ်းအချက်အလက် အပြည့်အစုံဖြင့် တစ်ရက် ကြိုတင်၍ လူကိုယ်တိုင်သို့ လာရောက်လျှောက်ထားနိုင်ကြောင်း၊လက်ရှိတွင် စနစ်သစ်မစတင်သေးသောကြောင့် ပတ်စ်ပို့ အသစ်လျှောက်ထားမှုများကို ရပ်ဆိုင်းထားခြင်းဖြစ်ပြီး စနစ်ဟောင်းမှ QR Code ဖြင့် ရက်ချိန်း ရရှိထားသူများကိုသာ လျှောက်ထားခွင့် ပေးနေပေးနေခြင်း ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က မီဒီယာများအား ယနေ့ ဒီဇင်ဘာလ ၆ ရက်တွင် ပြောသည်။

 

"အခုက ရပ်ထားပါတယ်။ ကျွန်တော်တို့ မီဒီယာကို ပြောထားတဲ့အတိုင်းပါပဲ။ Online Booking စနစ်သစ် စတင်အသုံးပြုနိုင်တဲ့ ရက်ကိုရောက်မှပဲ လျှောက်ထားလို့ ရမှာပါ၊ ဒီကြားထဲအရေးပေါ်ကိစ္စရှိရင်တော့ သတ်မျတ်အချက်အလက်တွေနဲ့ လူကယ်တိုင်သွားလျှောက်လို့ ရပါတယ်။ QR Code နဲ့ အရင်က booking တင်ပြီးသူတွေကတော့ ထပ်ပြီးတော့ တင်ဖို့ မလိုအပ်တော့ပါဘူး"ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

 

Online Booking စနစ်ဟောင်းက ရက်ချိန်းပေးခြင်းကို ဒီဇင်ဘာလ ၅ ရက် က စတင်၍ ရပ်ဆိုင်းထားမည် ဖြစ်ပြီး လက်ရှိတွင် ပတ်စ်ပို့ Online Booking စနစ်ကို ပြင်ဆင်ရေးဆွဲနေပြီ ဖြစ်ရာ ကြာမြင့်ချိန်မှာ ၃ ပတ်ခန့် ရှိမည် ဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group