#Local_News
Published_ 5 December 2022

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာကြီး၏ ဦးစီးပဓာန မဟာနယက ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသီရိဓမ္မသည်ဒီဇင်ဘာ လ(၄)ရက်၊ ညနေပိုင်း၄ နာရီ ၃၅ မိနစ်အချိန်တွင်
ခန္ဓာဝန်ချတော်မူခဲ့ကြောင်း ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာမှသိရသည်၊၊

 

ခန္ဓာဝန်ချတော်မူချိန်တွင် သက်တော် (၈၁)၊ သိက္ခာတော် (၃၁)ရှိပြီဖြစ်ပြီး ရွှေတံခါးအပိုင်း (၂) ပြည်မြို့၊ ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ၌ ခန္ဓာဝန်ချတော်မူခဲ့ခြင်း ဖြစ်သည်၊၊

 

ပြည်မြို့၊ ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာကြီး၏ ဦးစီးပဓာန၊သဲအင်းဆရာတော်ဘုရားကြီးသည်online ပေါ်ကနေလည်းကောင်း ၊လူမှုကွန်ရက် ဖေ့စ်ဘွတ်ကနေလည်းကောင်း၊ ရုပ်သံလိုင်းများကလည်းကောင်း၊ Zoom ဖြင့်လည်းကောင်း တရားစာများ၊ တရားတော်များ ဟောကြားခဲ့ခြင်း တရားစခန်းများဖွင့်ခဲ့ခြင်းများ ဆောင်ရွက်ခဲ့သည့် သာသနာပြုဆရာတော်ကြီး ဖြစ်ကြောင်းသိရသည်၊၊

 

ဆရာတော်ကြီးသည်ကျန်းမာရေးချို့ယွင်းခဲ့၍ပြည်ပတွင် ဆေးကုသမှုခံယူခဲ့ရကြောင်းနှင့် ယခုခန္ဓာဝန်ချသွားသည့်အတွက် တပည့်၊ဒါယကာအပေါင်းမှ အထူးဝမ်းနည်းကြေကွဲရကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင်ရေးသားဖော်ပြထားကြောင်း သိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group