#Local_News
Published_2 December 2022

 

နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲကို တပ်မတော်(ရေ) တက်ရောက်မည် ဖြစ်သောကြောင့် ဒီဇင်ဘာလ ၁ ရက်တွင် တပ်မတော်(ရေ) ကိုယ်စားလှယ်အဖွဲ့ဝင်များပါဝင်သည့် စစ်ရေယာဉ်(ကျန်စစ်သား)ရေယာဉ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

 

နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (International Fleet Review-IFR) ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့တွင် ဒီဇင်ဘာလ ၆ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကလည်း အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ရေတပ်ဌာနချုပ် (Eastern Naval Command) တည်ရှိရာ အိန္ဒိယအရှေ့ပိုင်း၊ Andhra Pradesh ပြည်နယ်၊ Visakhapatnam ဆိပ်ကမ်းတွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ရေတပ် စစ်ရေယာဉ်များ တွေ့ဆုံပွဲ (International Fleet Review-IFR) သို့ မြန်မာ့ တပ်မတော်(ရေ) ကိုယ်စားလှယ်အဖွဲ့က စစ်ရေယာဉ်- အောင်ဇေယျဖြင့် တက်ရောက်ခဲ့ကြသေးသည်။

 

#ymg/mt
#Yangon_Media_Group