#Local_News
Published_1 Dec 2022

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း ရပ်နားထားခဲ့ရသော ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်၌ နိုဝင်ဘာ ၂၉ရက်တွင်အောင်မြင်စွာ ပြန်လည်ဆောင်ရွက်နိုင်ခဲ့ပါတယ်။

 

အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်မြို့တွင် လူနာ မခင်ညိုညိုထွေး၊ အသက် (၂၃) နှစ်၊ အလှူရှင် မသင်းပြည့်ပြည့်မိုး၊ အသက်(၂၅)နှစ် ညီအစ်မအတွဲအား ကျောက်ကပ် အစားထိုးခွဲစိတ်ကုသခြင်းကို နိုဝင်ဘာ ၂၉ ရက်၊ နံနက်(၈)နာရီ (၄၅)မိနစ်မှစတင်၍ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ(၁)နာရီ (၁၅)မိနစ်တွင် ခွဲစိတ်ကုသမှု အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပြီး လူနာနှင့်ကျောက်ကပ်အလှူရှင်တို့၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်းနှင့် အထူးကြပ်မတ်ကုသဌာန၌ထားရှိ၍ စောင့်ကြည့်ကုသမှု ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရပါတယ်။

 

အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်တွင် ဆေးရုံကြီးစတင်ဖွင့်လှစ်သည့် ၂၀၁၄ ခုနှစ် မှစတင်၍ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများစတင်၍ ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ်တွင် (၄)ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် (၁၀)ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် (၁၀)ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် (၉)ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် (၉)ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် (၁၀)ကြိမ်နှင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ (၂)ကြိမ်၊ စုစုပေါင်း (၅၄)ကြိမ် အောင်မြင်စွာခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုအကြိမ်သည်(၅၅)ကြိမ်မြောက် ကျောက်ကပ် အစားထိုး ခွဲစိတ်ကုသမှုဖြစ်ကြောင်း သတင်းရရှိပါတယ်။

 

ygm_mnn
#Yangon_Media_Group