#Local_News
Published_ 1 December 2022

ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေးကို နိုဝင်ဘာ ၃၀ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။

 

အဆိုပါအစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကော်မတီဝင် မြန်မာ့တပ်မတော်မှ အရာရှိကြီးများတက်ရောက်ကြပြီး ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမဒုတိယကြည်းတပ်ဦးစီးချုပ် Colonel-General Kim Alexey Rostislavovich နှင့် ကော်မတီဝင်ရုရှားတပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြပါတယ်။

 

ဦးစွာ ပထမအကြိမ် မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ ပူးတွဲ ဥက္ကဌများဖြစ်ကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမဒုတိယကြည်းတပ် ဦးစီးချုပ် Colonel-General Kim Alexey Rostislavovich တိုက နှုတ်ခွန်းဆက် စကားများပြောကြားကြပါတယ်။

 

ထို့နောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီပူးတွဲဥက္ကဋ္ဌ နှစ်ဦးက အစည်း အဝေးအစီအစဉ်အားအတည်ပြုကြပြီး အစည်းအဝေးတက်ရောက်လာသူများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြပါတယ်။

 

အစည်းအဝေးတွင်မြန်မာ-ရုရှားအကြမ်းဖက်မှုတိုက်ဖျက်ရေးပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များကို နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ် အပြန်အလှန်ဆွေးနွေး ကြကြောင်း သတင်းရရှိပါတယ်။

ygm_mnn
#Yangon_Media_Group