#Local_News
Published_29 November 2022

 

တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၄၀ ကျော်ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးမှထုတ်ပြန်ထားသည်။

 

အဆိုပါနိုင်ငံသို့ ယနေ့ (နိုဝင်ဘာ ၂၉ ရက်) တွင် ကုန်ထုတ်လုပ်သားသစ် (၁၄၁) ဦး၊ CBT ကုန်ထုတ်လုပ်သား (၆) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၂) ဦး၊ စုစုပေါင်း (၁၄၉) ဦး စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

ယင်းအပြင် Regular ( ကုန်ထုတ် ၊ စိုက်ပျိုး/မွေးမြူရေးနှင့် ဆောက်လုပ်ရေး) လုပ်ငန်းများတွင် လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၆၂ ဦး ၊ Re-entry (ကုန်ထုတ်) အလုပ်သမား ၂၈ ဦးကိုထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် နိုဝင်ဘာလ ၁၂၉ ရက်အထိ Regular ကုန်ထုတ်လုပ်သားသစ် ၊ CBT ကုန်ထုတ်အလုပ်သမားသစ် ၊ Re-entry ကုန်ထုတ်လုပ်သား ၊Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား စုစုပေါင်း ၇၂၀ ဦးကို ပိုဆောင်ပေးထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ကြေညာထားသည်။

 

#ymg/sth
#Yangon_Media_Group