#Local _News
Published _ 29 November 2022

 

ရှမ်းပြည်နယ် တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ ကျတားကျေးရွာအနီးရှိ တာလေ နမ့်လချောင်းအတွင်းသို့ အိမ်စီးကားတစ်စီးပြုတ်ကျမှုဖြစ်ပွားခဲ့ကြောင်း တာလေမြို့ လောကပါလ ပရဟိတ လူမှုကူညီရေး အသင်းမှ သိရသည်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၈ ရက် မွန်းလွဲပိုင်းက ဖြစ်ခဲ့ပြီး ကံကောင်းထာက်မစွာဖြင့် ထိုကားမှာ ချောင်းရေထဲသို့ ပြုတ်ကျသွားခြင်းမရှိဘဲ ချောင်းအစပ်တွင် မေးတင်နေသောကြောင့် ကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၂ ဦးမှာကြီးကြီးမားမား ထိခိုက် ဒဏ်ရာရရှိမှု မရှိဘဲ ပွန်းပဲ့ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ဖြစ်စဉ်အတွင်း ထိခိုက်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သူ၂ ဦးကို တာလေမြို့ပြည်သူ့ဆေးရုံသို့ တာလေမြို့လောကပါလ ပရဟိတ လူမှုကူညီရေး အသင်းကားဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#ymg/NN

#Yangon _ Media_Group