Published 17 Nov 2022

စီးပွားရေးပညာရှင် ရှောင်တာနယ်ကို လွှတ်ပေးတဲ့သတင်းတွေအတွက် ကြိုဆိုကြောင်း ဩစတြေလျ နိုင်ငံခြားရေးဝန်ကြီး ပင်နီဝေါင်းက ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် နောက်ထပ်မှတ်ချက်တစ်စုံတစ်ရာကိုတော့ ပေးခြင်းမရှိပါဘူး။

“ ပါမောက္ခ ရှောင်တာနယ်လ်နှင့်ပတ်သက်တဲ့ သတင်းတွေကို ကျွန်မတို့ကြိုဆိုပါတယ်” လို့ ဝေါင်းက တွစ်တာမှာ ရေးခဲ့ပါတယ်။

“ ပါမောက္ခ တာနယ်လ်ဟာ ကျွန်မတို့ရဲ့ ပထမဦးစားပေးဖြစ်တယ်။ ဒီအနေအထားမှာ ကျွန်မတို့ နောက်ထပ်မှတ်ချက်ပေးမှာမဟုတ်ဘူး” လို့ သူမကပြောပါတယ်။

ရှောင်တာနယ်လ်နှင့်အတူ လွတ်မြောက်လာတဲ့ ဂျပန်ရုပ်ရှင်ဖန်တီးသူ ကူဘိုတာဟာ ယနေ့ နိုဝင်ဘာ ၁၇ ရက်ကြာသပတေးနေ့ည လေယာဉ်နှင့် မြန်မာနိုင်ငံကထွက်ခွာမှာဖြစ်တယ်လို့ ဂျပန်အစိုးရထိပ်တန်းပြောရေးဆိုခွင့်ရှိသူ ဟီရိုကာဇူမက်ဆူနိုကပြောတဲ့အကြောင်းအေပီကရေးပါတယ်။  သူဟာကျန်းမာရေးကောင်းမွန်နေတယ်လို့ ယုံကြည်ရတယ်လို့လည်း အဆိုပါပြောရေးဆိုခွင့်ရသူကဆက်ပြောပါတယ်။

Source:Reuters/AP

#Penny_Wong

#Sean_Turnell

#Myanmar_amnesty