#Local_News
Published _ 10 november 2022

 

ပြည်တွင်းမတ်ပဲဈေးနှုန်းများမှာ ယခုနိုင်ဝင်ဘာလ ဒုတိယအပတ်အစပိုင်းတွင် တစ်တင်းလျှင် ၆ သောင်းအထက်သို့ ပြန်လည်ရောက်ရှိနေကြောင်း ကုန်စည်ဒိုင်များထံမှ သိရသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ရက်ကမတ်ပဲ တစ်တင်းကို ၅၈၀၀၀ ကျပ်ဖြစ်ခဲ့ပြီး နိုဝင်ဘာလ ၃ရက်တွင် ဖြစ်ပေါ်ခဲ့သည့် မတ်ပဲဈေးနှုန်းမှာ ၅၇၀၀၀ကျပ်ရှိခဲ့ကာ ဈေးအနည်းငယ်မငြိမ်မသက်ဘဲ ရှိနေခဲ့ခြင်း ဖြစ်သည်။

 

"ဒီနေ့ပေါက်ဈေးကတော့ ၆၀၃၀၀ကျပ်ပါ။ မတ်ပဲဈေးကတော့ ၆သောင်းအထက်ကိုတဖြေးဖြေးပြန်ရောက်နေပါပြီ။ ဈေးတက်လာပါတယ်"ဟု ဟင်္သာတကုန်စည်ဒိုင်၏ တာဝန်ရှိသူက YMGကို ပြောသည်။

 

မတ်ပဲသည် ပြည်တွင်းစားသုံးမှုလွန်စွာနည်းပါးပြီး ပြည်ပတင်ပို့မှုကိုသာအဓိကအားထားရသည့် သီးနှံဖြစ်သော်လည်း လက်ရှိတွင် ပြည်ပတင်ပို့မှု အတွက် အရောင်းအဝယ် အေးနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 

အဓိကဝယ်လက်နိုင်ငံများတွင်လည်း ပြည်တွင်းစိုက် မတ်ပဲများ ဈေးကွက်အတွင်းအဆက်မပြတ်ဝင်ရောက်နေခြင်းကြောင့်မြန်မာမတ်ပဲဈေး ကျနေခြင်း ဖြစ်ကြောင်းလည်း ပြည်တွင်း မတ်ပဲ ဈေးကွက်က သိရသည်။

 

#ymg/NN
#Yangon_Media_Group