#Local_News
Published _10 November 2022

 

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ ကွမ်းသီးခြံပိုင်၊ ဇင်းကျိုက်ရပ် အမက ဘုံကျောင်း၏ အရှေ့အရပ် ပေ ၂၀၀ ခန့်အကွာတွင် ယနေ့ နိုဝင်ဘာလ ၁၀ ရက် နံနက် ၄ နာရီခန့်က ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် ၆ တန်း ကျောင်းသူတစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သိရသည်။

 

"ဒီနေ့ မနက် မီးလောင်တာ၊ နေအိမ် ၈ လုံး၊ စပါးကျည်တစ်လုံး မီးလောင်သွားတယ်၊ လူကလေးယောက်၊ ဒီနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့မနက်က မီးလောင်ကျွမ်းခံခဲ့ရတဲ့ မီးစတင်လောင်တဲ့အိမ်က ဒေါ်သန်းသန်းခိုင် (ခ)မခိုင် အပါအဝင် သူတို့ မိသားစု မောင်လင်းထွန်း၊ ဒေါ်ခင်စီ၊ ၆တန်းကျောင်းသူ မဇင်ဇင်ဖြိုးတို့ရဲ့ ရုပ်အလောင်းတွေကို တွေ့တယ်"ဟု ဇင်းကျိုက်ဒေသခံတစ်ဦးက ပြောသည်။

 

မီးလောင်မှု ဖြစ်ပွားရာနေရာသို့ ပေါင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ ဇင်ကျိုက်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သထုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အရန်မီးသတ်မှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ပေါင်မြို့နယ်စည်ပင်မှ ရေသယ်ယာဉ်(၂)စီး တို့ဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ရကြောင်းလည်း သိရသည်။

 

အဆိုပါ မီးလောင်မှုမှာ မည်သို့စတင်သည်ကို တိတိကျကျ မသိရသေးပေ။

 

#ymg/mt
#Yangon_Media_Group