#Local_News
Published_ 9 November 2022

 

ကချင်ပြည်နယ်အခြေစိုက် ကုမ္ပဏီ (၃၂) ခုကိုတရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ကူးစက်ရောဂါ ပိုးမွှားစစ်ဆေးရေးဌာန (GACC) မှမှတ်ပုံတင်ခွင့် ပြုခဲ့​ခြင်းကြောင့်တစ်သျှူးငှက်ပျော တရားဝင်တင်ပို့ခွင့် ရရှိမည်ဖြစ်​ကြောင်း သိရသည်။

 

အဆိုပါ ကုမ္ပဏီတွေအနေဖြင့် တစ်သျှူးငှက်ပျော တရားဝင်တင်ပို့ခွင့်ရ​ပြီး မြန်မာနိုင်ငံမှတစ်ဆင့်တရုတ်နိုင်ငံကို ငှက်ပျောသီးများ တရားဝင်တင်ပို့နိုင်ရန်အတွက် အပင်/ တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်သန့်ရှင်းရေး သဘောတူညီချက် (SPS) ကို ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့၌ GACC နှင့် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကချင်ပြည်နယ်တွင် တစ်သျှူးငှက်ပျောကို ၂၀၀၇ ခုနှစ်မှစတင်​ကာ ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးခဲ့ပြီး နယ်စပ်ကုန်သွယ်မှုကနေ တရုတ်သို့ ဘိန်းအစားထိုးသီးနှံအဖြစ်သာ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အခုဘဏ္ဍာနှစ် ပထမ ၆ လအတွင်း တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျော တင်ပို့ရောင်းချမှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၆၈ သန်း ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

 

#ymg/sth
#Yangon_Media_Group