#Local_News
Published_9 November 2022

 

ပြစ်ဒဏ်ကျခံနေရသော ယခင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးလှသိန်းနှင့် အဖွဲ့ဝင်ဟောင်းဖြစ်သူ ဦးမြင့်နိုင်တို့က ၎င်းတို့၏ အသက်အရွယ်ကြီးမြင့်မှုနှင့် ကျန်းမာရေးအခြေအနေတို့အရ ပြစ်မှုများအပေါ်ဝန်ခံလျက် ဆက်လက်ကျခံရန် ကျန်ရှိနေသည့်ပြစ်ဒဏ်ကို ဖြေလျော့ပေးရန်အသနားခံစာ တင်ပြခဲ့ကြ၍ ဆက်လက်ကျခံရန်ကျန်ရှိနေသည့် ပြစ်ဒဏ်အသီးသီးမှ အောက်တိုဘာလ ၂၅ ရက်တွင် ဖြေလျော့ကင်းလွတ်ခွင့်ပြုခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

ယင်းတို့နှစ်ဦးအား ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ရာဇသတ်ကြီး ပုဒ်မ ၁၃၀(က)ဖြင့် ထောင်ဒဏ် ၃ နှစ်စီ ပြစ်ဒဏ်အသီးသီးချမှတ်ထားခြင်းလည်းဖြစ်ကြောင်း သိရသည်။

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်း မှားယွင်းမှုနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်အပေါ် ပြန်လည်ဖြေရှင်းပေးရန် တပ်မတော်၏ တောင်း ဆိုမှုနှင့်ပတ်သက်၍ ကော်မရှင်၏လုပ်ဆောင်ချက်များလွှမ်းမိုးခံခဲ့ရသည့်အတွက်
မဲစာရင်းများကို ပြန်လည်စစ်ဆေးရန် ငြင်းဆန်ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းတို့နှစ်ဦးက ထုတ်ဖော်ပြောကြားချက်ကို နစက က သတင်းထုတ်ပြန်ခဲ့သေးသည်။

#ymg/mt
#Yangon_Media_Group