#Local_News
Published _9 November 2022

 

ကော့ကရိတ်-မြဝတီ အာရှလမ်း တောနော်ရေတံခွန်အနီးတွင် မြဝတီက မောင်းနှင်လာသော အန်စာတုံးယာဉ်တစ်စီးက အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းတားတုံးကိုကျော်၍ အုတ်ခုံကိုဝင်တိုက်မိသောကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် ယာဉ်ပေါ်ပါသူ ၇ ဦးလုံးသေဆုံးသွားကြောင်း ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့က သိရသည်။

 

ယနေ့နိုဝင်ဘာလ ၉ ရက် နံနက် ၈ နာရီ မိနစ် ၄၀ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအခါသေဆုံးသွားသူများ ရုပ်အလောင်းကို ကော့ကရိတ် ဆေးရုံသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

 

"အခု ကားက မြဝတီကနေ ပဲခူးကိုသွားတဲ့ ကားဖြစ်ပါတယ်။ ကုန်တွေက အများကြီးတင်လာတာဆိုတော့ အရှိန်ကို မထိန်းနိုင်ဖြစ်သွားတဲ့ သဘောလို့ ယူဆရပါတယ်"ဟု ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

 

#ymg/mt
#Yangon_Media_Group