#Local_News
Published_ 7 November 2022

 

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်တွင် (၃၈) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းယှဉ်ပြိုင်ရက်ခတ် ဆက်ကပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ(၆)ရက်၌ကျင်းပခဲ့ကြောင်းသိရသည်၊၊

 

အခမ်းအနားကို ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်တိုးချဲ့ဓမ္မရင်ပြင်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်၊၊

 

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် (၃၈) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းယှဉ်ပြိုင်ရက်ခတ်ပူဇော်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ ဧရာဝတီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အေးမင်းထွေး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့် စည်ပင်သာယာရေးဝန်ကြီး ဦးဘိုဌေး၊ လူမှူရေးဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် အလှည့်ကျသဘာပတိ ဦးအောင်မြတ် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဌေးဦး ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးတင်ရှိန် ၊ ပွဲတော်ကျင်းပရေးအလှူရှင်ဖြစ်သော ရွှေသံလွင် ကုမ္ပဏီနာယကကြီး ဒေါက်တာဒေါ်နီနီတို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခြင်း! (၃၈) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းရက်ပြိုင်ပွဲအား စတင်ယှဉ်ပြိုင်ရက်ခတ်ပြီး ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်းသိရသည်၊၊

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်သည်တော်များမှ မသိုးသင်္ကန်းယှဉ်ပြိုင်ရက်ခတ်မှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

 

၂၀၁၉ခုနှစ်က'(၃၇)ကြိမ်မြောက်မသိုးရွှေကြာသင်္ကန်းယှဉ်ပြိုင်ရက်ခတ်ဆက်ကပ်ပူဇော်ပွဲ'ကျင်းပခဲ့ပြီး ကိုဗစ်ဖြစ်ပွားမှုများကြောင့် ယခု၂၀၂၂ခုနှစ်မှ '(၃၈)ကြိမ်မြောက်မသိုးရွှေကြာသင်္ကန်းယှဉ်ပြိုင်ရက်ခတ် ဆက်ကပ်ပူဇော်ပွဲ' ပြန်လည်ကျင်းပနိုင်ခဲ့ကြောင်းနှင့် မသိုးရွှေကြာသင်္ကန်းယှဉ်ပြိုင်ပွဲမှာ ရက်ကန်းစင်တော်(၂၄)စင်မှ ပါဝင်ယှဉ်ပြိုင်ကြမယ့်ရက်ကန်းစင်တော်အသင်းတွေကို ပထမဆုကျပ်(၁၀)သိန်း၊ဒုတိယ ဆုကျပ်(၇)သိန်း၊ တတိယဆုကျပ်(၅)သိန်းနဲ့ နှစ်သိမ့်ဆု(၂၁)ဆုကို ကျပ်(၃)သိန်းစီချီးမြှင့်ခဲ့ကြောင်း သိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group