#Local_News
Published _ 7 november 2023

 

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ယနေ့နိုဝင်ဘာလ ၇ ရက်၊ (တန်ဆောင်မုန်းလပြည့်-သာမညဖလအခါတော်နေ့)နံနက်အစောပိုင်းက မသိုးသင်္ကန်းဆက်ကပ်ပူဇော်ခဲ့ကြကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

 

ဆက်ကပ်ပူဇော်ရာတွင် နိုဝင်ဘာလ ၆ ရက်ညပိုင်းက ရပ်လုပ်ခဲ့သည့် မသိုးသင်္ကန်းအား သြဝါဒါစရိယဆရာတော်ကြီးများ၊ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများကသယ်ဆောင်၍ ဘုရားကြီးအား လက်ယာ ရစ် ၃ ပတ်လှည့်လည်ပူဇော်ပြီးနောက် ကပ်လှူပူဇော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

မသိုးသင်္ကန်းရက်လုပ်ခြင်းအား (၃၃)ကြိမ်မြောက်အဖြစ် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ မိုးကောင်းဓမ္မာရုံမဏ္ဍပ်၌ နိုဝင်ဘာလ ၆ ရက်၊ နံနက် ၈ နာရီခန့်က အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ကြခြင်းဖြစ်သည်။

 

ယနေ့အခမ်းအနားကို မန္တလေးတိုင်းဝန်ကြီးချုပ် ဦးဝဏ္ဏကျော်ထင်ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ မြို့တော်ဝန် ဦးကျော်ဆန်းနှင့်တာဝန်ရှိသူများမှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။

 

#ymg/NN
#Yangon_Media_Group