#Local_News
Published_ 31 October 2022

 

သရုပ်ဆောင်သီဟတင်စိုး၏ညီ၊ ခင်စံပယ်ဦး၏အစ်ကိုဖြစ်သူ ခင်စံပယ်ဦး studio ၏ အသံဖမ်းအင်ဂျင်နီယာဒါရိုက်တာဉာဏတင်စိုးအောက်တိုဘာလ(၃၁)ရက် မနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်းသိရသည်၊၊

 

သူကွယ်လွန်သွားသည့်အကြောင်း ညီမဖြစ်သူ ခင်စံပယ်ဦးက Ayeyarwady lumin အကောင့်ဖြင့် လူမှုကွန်ရက်ပေါ်မှာ"ကိုညာရယ် အမေ့ကို အရိပ်တကြည့်ကြည့်နဲ့ အမေချစ်တဲ့သား၊ မိသားစုထဲမှာအလိမ်မာဆုံး အနေအေးသဘောကောင်းတဲ့ လူပျိုကြီး၊ ရုတ်တရက်ကြီးမယုံနိုင်ဘူး"ဟု ရေးသားဖော်ပြထားသည်၊၊

 

ဂစ်တာနိုင်ဇော်ကလည်း "ကျနော့်သူငယ်ချင်း အသံဖမ်းအင်ဂျင်နီယာဒါရိုက်တာကိုဉာဏ် (ဉာဏတင်စိုး)ခင်စပ္ပါယ်ဦး studio ဒီမနက် ၆နာရီခွဲ ကနှလုံးရောဂါနဲ့ ကွယ်လွန်သွားတဲ့သတင်းအတွက် မိသားစုနဲ့ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်၊၊

 

သူရဲ့နာရေးကို သဘက်ခါဗုဒ္ဓဟူးနေ့ ၂ရက်နေ့နေ့လည် ၁၁နာရီ ရေဝေးသုသန်မှာပြုလုပ်မှာမို့ လိုက်ပါပို့ဆောင်နိုင်ဖို့ မိတ်ဆွေအပေါင်းအသင်းလုပ်ဖော်ကိုင်ဖက်များကို အသိပေးအကြောင်းကြား လိုက်ပါတယ်"ဟု ရေးသားဖော်ပြထားကြောင်း သိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group