#Local_News
Published_ 31 October 2022

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ ပထမဆုံးအကြိမ်အဖြစ် ဆန်တန်ချိန် ၂၆၅၀ ကို အောက်တိုဘာ ၂၈ ရက်က စ၍ MV MCL-7 ပင်လယ်ကူး သင်္ဘောဖြင့် တိုက်ရိုက်တင်ပို့ရန် ဆောင်ရွက်နေကြောင်း သိရပါတယ်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား ဆန်ရောင်းဝယ်မှုဆိုင်ရာ G to G သဘောတူစာချုပ်အရ ဆန်တန်ချိန် နှစ်သိန်းတင်ပို့ နေတာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံနှင့်ဘ င်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆန်တန်ချိန် နှစ်သိန်းတင်ပို့ရန် G to G သဘောတူစာချုပ် ချုပ်ဆိုထားပြီး ပုသိမ်စက်မှုမြို့တော် ဆိပ်ကမ်းမှ ဆန်တန်ချိန် သုံးသောင်းမှ ငါးသောင်းတင်ပို့ရန် လျာထားဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၈ ရက်မှစ၍ ဧည့်မထဆန် (၅မတ်) 50kg ဆန် တန်ချိန် ၂၆၅၀ ကို စတင်၍ သင်္ဘောတင်နေခြင်းဖြစ်ပါတယ်။

 

ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ ဆန်တန်ချိန် ၂၆၅၀ ကို အောက်တိုဘာ ၃၁ ရက်နေ့အပြီး တင်ဆောင်ပြီးပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ MV MCL-7 ကုန်တင်သင်္ဘော ထွက်ခွာမည်ဖြစ်ကာ သင်္ဘောများ တစ်စီးဝင် တစ်စီးထွက်စနစ်ဖြင့် ဆက်လက် တင်ပို့သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

 

#ygm_mnn
#Yangon_Media_Group