#Local_News
Published_26 October 2022

 

မန္တလေးမြို့မြရည်နန္ဒာအိမ်ရာ မမ -၂၆၊ တိုက်-၁၄ ပေါ်က အမျိုးသမီးတစ်ဦး ခုန်ချသေဆုံးမှု ယနေ့ အောက်တိုဘာလ ၂၆ ရက် က ဖြစ်ပွားခဲ့ကြောင်း မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့က သိရသည်။

 

"ဒီနေ့မနက်ကပဲ မြရည်နန္ဒာတိုက်တန်းမမ၂၆တိုက်၁၄မှာအမျိုးသမီးတစ်ယောက် တိုက်ပေါ်ကခုန်ချတယ်လို့ ဖုန်းဆက်လာလို့ သွားရောက်ကူညီပေးခဲ့တာ၊ မန္တလေးဆေးရုံကြီးကို ပို့တဲ့အခါလမ်းမှာပဲ ဆုံးသွားပါတယ်"ဟု အဆိုပါ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူကပြောသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်ကလည်းမန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအိမ်ရာ၊ မမ ၁၆၊ တိုက်၉အတွင်း အမျိုးသမီး‌တစ်ဦး ဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် ဖြစ်စဉ် ရှိခဲ့ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group