#Local_News
Published_26 October 2022

 

အောက်တိုဘာလ ၁ ရက်မှ ၂၅ ရက်အတွင်း တောင်ကိုရီးယားနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ တစ်ဆင့် EPS စနစ်ဖြင့် အလုပ်သမား စုစုပေါင်း ၉၉၇ ဦး တရားဝင် ပို့ဆောင်ထားကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ စာရင်းများကို အခြေခံ၍ ဆိုးလ်မြို့ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

 

အောက်တိုဘာလ ၄ ရက်တွင် လုပ်သားသစ် ၁၂၈ ဦး၊ ၆ ရက်တွင် လုပ်သားသစ် ၁၂၄ ဦး၊ ၁၁ ရက်တွင် လုပ်သားသစ် ၁၂၀ ဦး၊ ၁၃ ရက်တွင် လုပ်သားသစ် ၁၄၈ ဦး ၊ ၁၈ ရက်တွင် လုပ်သားသစ် ၁၅၀ ဦး ၊ ၂၀ ရက်တွင် လုပ်သားသစ် ၁၇၈ ဦး နှင့် ၂၅ ရက်တွင် လုပ်သားသစ် ၁၄၈ ဦး စုစုပေါင်း ၉၉၇ ဦး ပို့ဆောင်ပေးထားခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယင်းအပင် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ၏ ထုတ်ပြန်ချက်တွင် မြန်မာ လုပ်သားဟောင်း ၅၀ ကျော် နှင့် ကုန်ထုတ်လုပ်သားသစ် ၈၀ ကျော်ကို လာမည့် နိုဝင်ဘာလဆန်းတွင် စေလွှတ်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

 

တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမားအများစုအနေဖြင့် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများတွင် လုပ်ကိုင်နေကြကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group