#Local_News
Published_ 20 October 2022

 

အောက်တိုဘာ (၁၉) ရက် ဒီကနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ အင်းစိန် ဗဟိုအကျဉ်းထောင်ကို ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် သွားရောက် စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

 

ဒီကနေ့မနက်ပိုင်းမှာ အကြမ်းဖက်သမားတွေဟာ ပါဆယ်ထုပ်အတွင်း၌ လက်လုပ်မိုင်းထည့်သွင်းပြီး အကျဉ်းသားများအတွက် ပါဆယ်ထုပ်လက်ခံတဲ့ အဆောက်အဦအတွင်းနဲ့ အပြင်ဘက်တို့မှာ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

 

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုအတွင်း အကျဉ်းထောင်ဝန်ထမ်း ၃ ဦးနဲ့ ထောင်ဝင်စာ လာတွေ့တဲ့ အရပ်သား ၅ ဦး၊ စုစုပေါင်း ၈ ဦး သေဆုံးခဲ့ပြီး အကျဉ်းထောင် ဝန်ထမ်း ၅ ဦးနဲ့ အရပ်သားပြည်သူ ၁၃ ဦး၊ စုစုပေါင်း ၁၈ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

 

ဝန်ကြီးက ပေါက်ကွဲမှုဖြစ်စဉ်အတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ အကျဉ်းထောင်ဝန်ထမ်းတွေနဲ့ ၎င်းတို့၏ မိသားစုဝင်တွေကိုတွေ့ဆုံပြီး နှစ်သိမ့်အားပေးခဲ့ပြီး ထောက်ပံ့ငွေ များပေးအပ်ခဲ့ပါတယ်။

 

ထို့ပြင် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့သွားရောက်ပြီး ပေါက်ကွဲမှုဖြစ်စဉ်အတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ အကျဉ်းဦးစီးဌာနမှဝန်ထမ်းတွေနဲ့ ပြည်သူတွေကို တွေ့ဆုံ နှစ်သိမ့် အားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

#ygm_mnn
#Yangon_Media_Group