#Local_News
Published_18 October 2022

 

ရန်ကုန်ဆိပ်ကမ်းတွင် စက်သုံးဆီတင်သင်္ဘောငါးစီး အပါအဝင် စုစုပေါင်း သင်္ဘော ၂၃ စီး ဆိုက်ကပ်ကာ ကုန်တင်ကုန်ချလုပ်ငန်းများ ဆောင်ရွက်နေကြောင်း နစကမှသတင်းထုတ်ပြန်ထားသည်။

 

အောက်တိုဘာ ၁၇ ရက်တွင် ရန်ကုန်ဆိပ်ကမ်း၌ ကွန်တင်နာတင်သင်္ဘောနှစ်စီး၊ အထွေထွေကုန်စည်တင် သင်္ဘော ၁၅ စီး၊ စက်သုံးဆီတင်သင်္ဘောငါးစီးနှင့် စားသုံးဆီသင်္ဘောတစ်စီးတို့ ပါဝင်ပြီး သင်္ဘောစုစုပေါင်း ၂၃ စီး ဆိုက်ကပ်ကာကုန်တင်ကုန်ချလုပ်ငန်းများဆောင်ရွက်နေခြင်းဖြစ်သည်။

 

ကုန်သေတ္တာတင်သင်္ဘောများဖြင့် ဓာတ်မြေဩဇာအမျိုးမျိုး၊ အထည်အလိပ်၊ ဆေးနှင့်ဆေးပစ္စည်း၊ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ စက်နှင့်ဆက်စပ်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ကော်စေ့ စသည်တို့ကို တင်သွင်းပြီး ရေထွက်ကုန်၊ ချုပ်ပြီးအဝတ်အထည်၊ ကောက်ပဲသီးနှံထွက်ကုန်၊ သစ်တောထွက်ကုန်နှင့်ရော်ဘာတို့ကို တင်ပို့လျက်ရှိကြောင်း ဖော်ပြထားသည်။

 

ယင်းအပြင် ယခုလ(အောက်တိုဘာ) အတွင်း ရန်ကုန်ဆိပ်ကမ်းသို့ဝင်ရောက်သည့်လျာထား ကုန်သေတ္တာတင်သင်္ဘောများအနက် လက်ရှိအချိန်ထိ လျာထားချက်၏ ၅၅ ရာခိုင်နှုန်းကျော် ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

#ymg/sth
#Yangon_Media_Group