#Local News

Published - 23 Sep 2021

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)ရဲ့စစ်ဦးစီးချုပ်သစ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးစောစတီးလ်ကို ခန့်အပ်တာဝန်ပေးအပ်လိုက်တယ်လို့ DKBAက ဒီကနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီအရေးပေါ်အစည်းအဝေး သဘောတူညီဆုံးဖြတ်ချက်အရဒုတိယစစ်ဦးစီးချုပ်ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးစောစတီးလ်ကို စစ်ဦးစီးချုပ်အဖြစ် တာဝန်ပေးအပ်လိုက်တာဖြစ်ပြီးယခင်DKBAစစ်ဦးချုပ်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောမိုစေးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့က ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာကြောင့် စစ်ဦးစီးချုပ်ရာထူးနေရာ လစ်လပ်နေတာကြောင့် ခန့်အပ်တာဖြစ်တယ်လို့DKBAရဲ့တာဝန်ရှိသူတစ်ဦးကိုဆက်သွယ်မေးမြန်းရာမှာ အတည်ပြုပြောဆိုခဲ့ပါတယ်။

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ဟာတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

#Yangon_Media_Group