#Local_News
Published _18 October 2022

 

ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော ရဟတ်ယာဉ်အမှု ၅ ခုလုံးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် စွဲချက်တင်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

 

ယနေ့အောက်တိုဘာလ ၁၈ ရက်က နေပြည်တော်အကျဉ်းထောင်အထူးတရားရုံး၌ စွဲချက်တင်လိုက်ခြင်းဖြစ်ပြီး နောက်လာမယ့် ရုံးချိန်းတွင် ပြန်ခေါ်သက်သေများကို စတင် စစ်ဆေးသွားမည် ဖြစ်ကြောင်း အဆိုပါ နီးစပ်သူက ပြောသည်။

 

"ဒီနေ့ စွဲချက်တင်တယ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့၊ငါးမှုလုံးကိုပေါ့။လာမယ့် ရုံးချိန်းမှာ ပြန်ခေါ်သက်သေတွေကို စစ်ဆေးဖို့ ရှိတယ်"ဟု အဆိုပါ တရားရုံးနှင့် နီးစပ်သူ ပြောသည်။

 

မနေ့က အောက်တိုဘာလ ၁၇ ရက်တွင် အဆိုပါ အမှုများအတွက် ရှာဖွေသက်သေ နှစ်ဦးအား စစ်ဆေးကာ စွဲချက် တင်သင့် မတင်သင့် လျှောက်လဲချက် ပေးခဲ့ကြကြောင်း၊လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူရင်ဆိုင်နေရသော အမှုများထဲမှ တရားရုံးကစစ်ဆေးအမိန့်ချပြီးသည့်အမှုများအတွက် စုစုပေါင်းထောင်ဒဏ် နှစ် ထောင်ဒဏ်၂၆ နှစ် ချမှတ်ခံထားရပြီး ဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group