#Local_News
Published _17 October 2022

 

ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော ရဟတ်ယာဉ်အမှု ၅ ခုလုံးကို စွဲချက် တင်သင့်မတင်သင့် မနက်ဖြန် အောက်တိုဘာလ ၁၈ ရက်တွင် အမိန့်ချမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

 

ယနေ့အောက်တိုဘာလ ၁၇ ရက်က နေပြည်တော်အကျဉ်းထောင်အထူးတရားရုံး၌ မျက်မြင်သက်သေနှစ်ဦးအား ဆက်လက်စစ်ဆေးခဲ့ပြီး အပြီးသတ် လျှောက်လဲချက်များ ပေးခဲ့ကြရကြောင်းလည်း သိရသည်။

 

"ဒီနေ့ ရှာဖွေသက်သေ နှစ်ယောက်ဖြစ်တဲ့ ရာအိမ်မှူးတွေကို စစ်ဆေးတယ်။ စွဲချက်တင်သင့် မတင်သင့် လျှောက်လဲချက် ပေးခဲ့တယ်။ ၅ မှုလုံးအတွက်၊ စွဲချက်မတင်သင့်ဘူးဆိုတာတွေကို ပြောခဲ့တာပေါ့။မနက်ဖြန်ကျရင် စွဲချက်တင်သင့် မတင်သင့်ကို အမိန့်ချမယ်"ဟု အဆိုပါ နီးစပ်သူက ပြောသည်။

 

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူရင်ဆိုင်နေရသော အမှုများထဲမှ တရားရုံးကစစ်ဆေးအမိန့်ချပြီးသည့် အမှုများအတွက် စုစုပေါင်းထောင်ဒဏ်နှစ်ထောင်ဒဏ်၂၆ နှစ်ချမှတ်ခံထားရပြီး ဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group