Published 14 Oct 2022

နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာ ၁၄ရက်က ပြင်ဦးလွင်မြို့၊ တပ်မတော် နည်းပညာတက္ကသိုလ်၌ ပြုလုပ်သည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၅) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါရွေးချယ်ပွဲမှာ နည်းပညာဘာသာရပ်ပိုင်းဆိုင်ရာများနှင့် လေ့ကျင့်ရေးပိုင်းဆိုင်ရာတို့တွင် နှစ်အလိုက် ထူးချွန်ထက်မြက်မှု၊ စည်းကမ်းလိုက်နာမှု၊ ကြိုးစားအားထုတ်မှုနှင့် ၎င်းတို့စိတ်ပါဝင်စားမှုများ အပေါ်မူတည်၍ သင့်လျော်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ်ပေးကြတာဖြစ်ကြောင် သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီနောက် ဗိုလ်ချူပ်မှူးကြီးနှင့် အဖွဲ့ဝင်တွေဟာ  ပညာတန်ဆောင် ဗိုလ်လောင်းစားရိပ်သာ၌ သင်တန်းသားဗိုလ်လောင်းများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြပြီး ဗိုလ်လောင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့ကြောင်းသိရှိရပါတယ်။

ဗိုလ်ချူပ်မှူးကြီးဟာ ပြင်ဦးလွင်မှာရောက်ရှိနေပြီး  တပ်မတော်အတွက် စစ်လက်ရုံးရွေးချယ်ပွဲတွေကို တက်ရောက်နေလျက်ရှိရာမှာ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၈၅)ရဲ့ စစ်လက်ရုံးရွေးချယ်ပွဲတွေကိုလည်း ပြီးခဲ့တဲ့ရက်တွေက တက်ရောက်ရွေးချယ်ပေးခဲ့ပါတယ်။

-ymg/knl