#Local_News
Published_14 October 2022

 

ဗဟိုဘဏ်မှ လွတ်လပ်သောဈေးကွက်ဆိုင်ရာ လုပ်ဆောင်ချက်များမှတစ်ခုဖြစ်သည့် ဗဟိုဘဏ်ငွေချေးသက်သေခံ လက်မှတ်ထုတ်ဝေရေး ဆောင်ရွက်သွားရန် အစီအစဉ်များရှိကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ပြောဆိုလိုက်သည်။

 

စီးပွားရေးစနစ်အတွင်းရှိ ပိုလျှံငွေကြေးကို သွယ်ဝိုက်နုတ်သိမ်းခြင်းဖြင့် ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်ခြင်းအား အထိုက်အလျောက်ထိန်းချုပ်နိုင်ရန်၊ ငွေကြေးတည်ငြိမ်ရေးအတွက် သွယ်ဝိုက်ငွေကြေးမူဝါဒနည်းလမ်းတစ်ခု ကျင့်သုံးနိုင်ရန်အတွက် အဆိုပါ ဗဟိုဘဏ်ငွေချေးသက်သေခံလက်မှတ်ကို ထုတ်ဝေရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

 

ဗဟိုဘဏ် ငွေချေးသက်သေခံလက်မှတ်ထုတ်ဝေခြင်းဖြင့် အတိုးစရိတ်အကုန်ကျခံ၍ ငွေကြေးတည်ငြိမ်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ထုတ်ဝေရောင်းချခြင်းမှ ရရှိမည့်ငွေကြေးများအား အစိုးရစီမံကိန်းများ၊ တိုင်းပြည်၏ GDP တိုးတက်ရေးကို အထောက်အကူပြုမည့်ကဏ္ဍများအား Financing ပေးသွားရန်ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ-၆(က) အရ ငွေကြေးတည်ငြိမ်ရေးရရှိစေရန် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ-၄၁(က) နှင့် ပုဒ်မ-၄၅ တို့အရ ငွေချေးသက်သေခံ လက်မှတ်များထုတ်ဝေခြင်းနှင့် ငွေရေးကြေးရေးဈေးကွက်များတွင် ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ခြင်းအား ငွေကြေးမူဝါဒနည်းလမ်းတစ်ရပ်အဖြစ် ဆောင်ရွက်ခွင့်ရှိကြောင်း ဖော်ပြထားသည်။

 

#ymg/sth
#Yangon_Media_Group