#Local_News
Published_ 10 October 2022

 

ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်မထိုးထားသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် RT PCR /RDTနည်းများဖြင့်ကိုဗစ်စစ်ဆေးရန်မလိုဘဲ မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးလေယာဉ်များဖြင့်လိုက်ပါနိုင်ကြောင်း သိရသည်၊၊

 

အောက်တိုဘာလ(၈)ရက်စပြီး ကာကွယ်ဆေး အကြိမ်ပြည့်မထိုးထားသည့် မြန်မာနိုင်ငံသားများအနေဖြင့် (၄၈)နာရီအတွင်းကိုဗစ်ကင်းရှင်းကြောင်း စစ်ဆေးချက်အထောက်အထားများပြစရာမလိုဘဲကယ်ဆယ်ရေးလေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ဝင်ရောက်နိုင်မည်ဟု ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်၊၊

 

ယခင်က ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးထားသည့်မြန်မာနိုင်ငံသားများကိုခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့် မထိုးထားသူများကိုလည်း ကိုဗစ်စစ်ဆေးစရာမလိုဘဲကယ်ဆယ်ရေးလေယာဉ်ဖြင့်လိုက်ပါခွင့်ပြုလိုက်ခြင်းဖြစ်သည်၊၊

 

ကာကွယ်ဆေးအကြိမ်ပြည့်မထိုးထားသည့် မြန်မာ နိုင်ငံသားများအနေဖြင့် ကိုဗစ်စစ်ဆေးစရာမလိုဘဲ မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်မည်ဖြစ်သော်လည်း မြန်မာနိုင်ငံကိုဆိုက်ရောက်လာပါကမြန်မာနိုင်ငံတွင် ကိုဗစ်စစ်ဆေးရမည်ဖြစ်ကြောင်းသိရသည်၊၊

 

မြန်မာနိုင်ငံသို့ ရောက်ရှိပြီး(၁)ရက်မြောက်နေ့တွင် RDTဖြင့်လည်းကောင်း၊(၃)ရက်မြောက်နေ့တွင် RT-PCRနည်းဖြင့်လည်းကောင်းကိုဗစ်စစ်ဆေးမည် ဖြစ်ပြီး အသွားအလာကန့်သတ်ခြင်းကွာရန်တင်း(၅) ရက်ဆောင်ရွက်မည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်၊၊

 

ကိုဗစ်ပိုးတွေ့ရှိသူများကို ရောဂါအတည်ပြုလူနာများထားရှိသည့် ဆေးရုံ၊ကုသရေးစင်တာ၊ဟိုတယ်များသို့ ပို့ဆောင်၍ကျန်းမာရေးစောင့်ရှောက်မှုခံယူရမည်ဖြစ်ပြီး ပုဂ္ဂလိကဆေးရုံနှင့် သတ်မှတ်ဟိုတယ်များတွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူလိုပါက မိမိတို့ အစီအစဉ်ဖြင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်၊၊

 

ymg/tthl
#Yangon_Media_Group