#Local_News
Published _6 October 20222

ယင်းမှာ ကုမ္ပဏီဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်အရဖြစ်ပြီး လတ်တလောတွင် Puma Energy Asia Sun (PEAS) နှင့် National Energy Puma Aviation Services (NEPAS) တို့ရှိ အစုရှယ်ယာများကို ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုထံရောင်းချရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

National Energy Puma Aviation Service (NEPAS) အမည်ရှိ ဖက်စပ်ကုမ္ပဏီကို စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းနှင့် အကျိုးတူပူးပေါင်း၍ ထူထောင်ခဲ့ကာ လေယာဉ်ဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

Puma စွမ်းအင်ကုမ္ပဏီ အနေဖြင့် Asia Sun Energy (ASE) နှင့် အကျိုးတူ ပူးပေါင်းပြီး Puma Energy Asia Sun (PEAS) အမည်ဖြင့် မြန်မာ့ရေနံထွက်ကုန်ဖြန့်ဖြူးရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ပြီးလေယာဉ်ဆီအပါအဝင် အခြားလောင်စာဆီ တင်သွင်းရောင်းချခြင်းလုပ်ငန်းများကို ၂၀၁၅ ခုနှစ်မှစတင်၍ ဖြန့်ဖြူးပေးနေသည့် ပြည်ပစွမ်းအင်ကုမ္ပဏီလည်း ဖြစ်သည်။

 

Puma စွမ်းအင်ကုမ္ပဏီက ၂၀၂၁ ဖေဖော်ဝါရီလ နောက်ပိုင်းကစ၍ မြန်မာနိုင်ငံရှိ ယင်းတို့၏ လုပ်ငန်းများကို ယာယီရပ်ဆိုင်းထားကြောင်း ကြေညာခဲ့သေးသည်။

 

#ymg/mt
#Yangon_Media_Group