#Local_News
Published _ 6 october 2022

 

ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ Yangon Book Plazaမှ စာအုပ်များကို ဈေးလျှော့ရောင်းပေးမည့် စာအုပ်ပွဲတော်ကျင်းပသွားမည်ဟု Yangon Book Plaza ရဲ့တာဝန်ရှိသူထံမှသိရသည်။

 

သီတင်းကျွတ်အထိမ်းအမှတ်အနေဖြင့် လျှော့စျေးများနှင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူမှ YMG ကို အခုလိုပြောကြားခဲ့သည်။

 

"စာအုပ်ပွဲတော်ကို သီတင်းကျွတ်အထိမ်းအမှတ်အနေနဲ့ အောက်တိုဘာလ ၇ ရက်နေ့ကနေနေ့ ၁၀ ရက်အထိ ကျင်းပမှာဖြစ်ပြီး ငါတို့စာပေတိုက်က ထုတ်ဝေတဲ့ စာအုပ်တွေက ၂၀ ရာခိုင်နှုန်းနဲ့ တခြားစာပေတိုက်က ထုတ်ဝေတဲ့ စာအုပ်တွေကို ၁၀ ရာခိုင်နှုန်း လျှော့ပေးမှာပါ" ဟု Yangon Book Plaza ရဲ့မန်နေဂျာက ပြောသည်။

 

ယခုလို လျှော့ဈေးနှင့် စာအုပ်ရောင်းပေးသည့်အတွက် စာဖတ်ပရိသတ်များအနေဖြင့် အဆင်ပြေနိုင်ကြောင်း သူက ဆိုသည်။

 

ဒါ့အပြင် စာအုပ်လေးအုပ်လျင် ကျပ်တစ်ထောင်၊ သုံးအုပ်လျင် ကျပ်တစ်ထောင်၊ တစ်အုပ်လျင် ငါးရာကျပ်၊ ရုပ်ပြစာအုပ် တစ်အုပ်လျင် ကျပ်တစ်ထောင်ဖြင့် ရောင်းချပေးသည့် အစီအစဉ်လည်းရှိကြောင်း သိရသည်။

 

Yangon Book Plaza ဟာ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ သံဈေး၊ ငါးလွှာမှာ ရှိပြီး ယခင်ကလည်း စာအုပ်ပွဲတော်တွေ ကျင်းပခဲ့ကြောင်း သိရှိရသည်။

#ymg/NN
#Yangon_Media_Group