#LocalNews
Published 2 Oct 2022

 

ကချင်ပြည်နယ်အတွင်း အသက် ၁၀၀ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ဘိုးဘွား ၂၀၀ ဦးခန့်အား အောက်တိုဘာလ ၂ ရက်တွင် ထောက်ပံ့ဂါရဝပြုခဲ့ကြကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။

 

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်အစိုးရဖွဲ့မှ သက်ကြီးဘိုးဘွားတစ်ဦးလျှင် လှူဒါန်းငွေ ကျပ်တစ်သိန်းစီနှင့် ငွေကျပ် ၅၀၀၀၀ တန်ဖိုးရှိ လှူဖွယ်ပစ္စည်းများကို ထောက်ပံ့ဂါရဝပြုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

ထောက်ပံ့ဂါရဝပြုအခမ်းအနားသို့ တက်ရောက်သည့် အသက် ၁၀၀ နှစ်နှင့် အထက် ဘိုးဘွား ၅၀ ဦး ၊ တက်ရောက်နိုင်ခြင်းမရှိသည့် ပြည်နယ်အတွင်းမှ အသက် ၁၀၀ နှစ်နှင့် အထက် ဘိုးဘွား ၁၄၅ ဦးတို့ကို ထောက်ပံ့ဂါရဝပြု လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

ယင်းတွင် အသက်အကြီးဆုံး အသက် ၁၂၁ နှစ်အရွယ် တနိုင်းမြို့နယ်မှအဘွားတစ်ဦးအတွက် လှူဒါန်းငွေကျပ် ၂၅၀၀၀၀ ၊ အလားတူ ဒုတိယအသက်ကြီးဆုံးဖြစ်သည့် မြစ်ကြီးနားမြို့နယ်မှ အသက် ၁၁၂ နှစ်ရှိ အဘွားတစ်ဦးနှင့် မိုးညှင်းမြို့နယ်မှ အသက် ၁၁၀ နှစ်ရှိ အဘိုးတစ်ဦးတို့အတွက် တစ်ဦးလျှင်ငွေကျပ် ၂၀၀၀၀၀ စီ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။

 

"သက်ကြီးဘိုးဘွားတွေရဲ့ ဘဝလုံခြုံမှုရှိစေရေးနဲ့ သက်ကြီးရွယ်အိုတွေရဲ့ စွမ်းအားကို နိုင်ငံတော် တည်ဆောက်ရေးဖြစ်စဉ်တွေမှာထည့်သွင်းအသုံးပြုသွားနိုင်ဖို့အတွက်အခွင့်အလမ်းတွေ ဖန်တီးဆောင်ရွက်ပေးသွားမယ်"ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အခမ်းအနားတွင်ပြောကြားသွားသည်။

 

မြန်မာနိုင်ငံ၌ လက်ရှိတွင် အသက် ၁၀၀ နှစ် နှင့်အထက် အဘိုးအဘွားများအား ၂၀၁၅ ခုနှစ်က စတင်၍ ထောက်ပံ့ပေးနေခြင်း ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သိရသည်။

 

ymg/mt
#Yangon_Media_Group