#Local_News
Published_28 September 2022

 

စက်တင်ဘာ ၂၅ ရက်မှစတင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါ ဆိပ်ကမ်းရှိ Terminal များတွင် စက်သုံးဆီဂါလန် ၆ သန်းကျော် ဆီချခြင်းလုပ်ငန်းများဆောင်ရွက်နေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အသိပေးထုတ်ပြန်ထားသည်။

 

MT Yu Yi သင်္ဘောသည် ရိုးရိုးဒီဇယ်ဆီ HSD (၁.၈၆) ဂါလံသန်းနှင့် ပရီမီယံဒီဇယ်ဆီ PHSD (၂.၁၇) ဂါလံသန်း စုစုပေါင်းဒီဇယ်ဆီ (၄.၀၃) ဂါလံသန်းနှင့် MT Harmony One သင်္ဘောသည် ဓာတ်ဆီ 92 Ron (၂.၁၃) ဂါလံသန်း ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာ ၂၅ ရက်အထိ သီလဝါဆီလှောင်ကန်၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှုလက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု ဖော်ပြထားသည်။

 

စက်သုံးဆီဖြန့်ဖြူးမှုအနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်တွေကို ဆီတင်ဘောက်ဆာများ၊ ဆီတွဲရေယာဉ်များ၊ ရထားတွေဖြင့် အချိန်မီ ပိုဆောင်ပေးနေကြောင်း သိရသည်။

 

ယင်းအပြင် ယခုလအတွင်း ဓာတ်ဆီတန်ချိန် ၈ သောင်းနဲ့ ဒီဇယ်တန်ချိန် ၁ သိန်းခွဲခန့်ကို တင်သွင်းခွင့်ပြုထားပြီး ပြည်တွင်းသုံးစွဲမှုအတွက် ဖူလုံမှုရှိကြောင်း သိရသည်။ ရုရှားနိုင်ငံမှတင်သွင်းသည့် စက်သုံးဆီများသည် လမ်းခရီးကြန့်ကြာနေပြီး မကြာမီရက်ပိုင်းအတွင်း ရောက်ရှိတော့မည်ဖြစ်ကြောင်းသတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

 

#ymg/sth
#Yangon_Media_Group