#Local_News
Published_28 September 2022

 

ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်အချို့အနေဖြင့် ငွေအပ်နှံမှု ပိုများလာစေရန် အတိုးနှုန်းမြှင့်တင်မှုများ ပြုလုပ်လာကြကြောင်း ပြည်တွင်းဘဏ်များ၏ ကြေညာချက်အရ သိရသည်။

 

ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် AGD ဘဏ်က လာမည့်အောက်တိုဘာလ ၁၄ ရက်အထိ Promotion ကာလအတွင်း ငွေချက်ချင်းအပ် အတိုးချက်ချင်းယူနိုင်မည့် ကြိုယူအကောင့်ကို လာရောက်အပ်နှံမည်ဆိုပါက အထူးပြုလုပ်ပေးထားသည့် ငွေစုသက်တမ်းများနှင့် မြင့်မားသောအတိုးနှုန်းများ ရရှိမည်ဟု ထုတ်ပြန်ထားသည်။

 

AGD ဘဏ်နည်းတူ CB ဘဏ်၊ KBZ ဘဏ်တို့ကလည်း ယင်းတို့၏ ဘဏ်အတိုးနှုန်းများကို ပရိုမိုးရှင်းကာလအတွင်း အတိုးနှုန်းတိုးမြှင့်သတ်မှတ်ထားကြောင်းကြေညာချက် အသီးသီး ထုတ်ပြန်လာကြခြင်း ဖြစ်သည်။

 

ဘဏ်များက အပ်ငွေများအပေါ် အနည်းဆုံးအတိုး ၇ ဒသမ ၅ ရာခိုင်နှုန်း၊ အပေါင်ပစ္စည်းဖြင့် ချေးငွေများကို အများဆုံး ၁၂ ဒသမ ၅ ရာခိုင်နှုန်းနှင့် အပေါင်မဲ့ ချေးငွေကို အများဆုံး ၁၅ ဒသမ ၅ ရာခိုင်နှုန်းသာကောက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပုဂ္ဂလိကဘဏ်များအပေါ် သတ်မှတ်ချက်မှာ အပ်ငွေများအပေါ် အနည်းဆုံးအတိုး ၅ ရာခိုင်နှုန်း၊ အပေါင်ပစ္စည်းဖြင့် ချေးငွေများကို အများဆုံး ၁၀ ရာခိုင်နှုန်းနှင့် အပေါင်မဲ့ချေးငွေကိုအများဆုံး ၁၄ဒသမ ၅ ရာခိုင်နှုန်းသာ ကောက်ခံရန်ညွှန်ကြားထားကြောင်း ထုတ်ပြန်ထားသည်။

 

#ymg/sth
#Yangon_Media_Group