#Local_News
Published _ 27 september 2022

 

တောင်ကိုရီးယားနိုင်ငံသို့ လာမည့် အောက်တိုဘာလ ၅ ရက်တွင် မြန်မာနိုင်ငံမှ အလုပ်သမား ၁၄၁ ဦးကို ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က ကြေညာထားသည်။

 

သွားရောက်လုပ်ကိုင်ခွင့်ရရှိသူများ၏ အမည်စာရင်းများကို ယမန်နေ့က ထုတ်ပြန်ထားပြီး စာရင်း၌ ပါဝင်သူများအနေဖြင့် စက်တင်ဘာလ ၂၈ ရက်အတွင်း POEA ရုံးချုပ်သို့ လာရောက်သတင်းပို့ရန်လည်း အသိပေးထားရှိသည်။

 

အောက်တိုဘာလ ၅ ရက်တွင် သွားရောက်မည့်သူများ အနေဖြင့် အာမခံကြေးနှင့် ဝန်ဆောင်ခပေးသွင်းခြင်း၊ လေယာဉ်လက်မှတ်ခပေးသွင်းခြင်းများကို ကြိုတင်ပြုလုပ်ထားရမည်ဟု အဆိုပါဌာနမှ အသိပေးထားသည်။

 

တောင်ကိုရီးယားနိုင်ငံက ယခုနှစ်ဆန်းကစပြီး မြန်မာလုပ်သားများကို ဆက်တိုက်ခေါ်ယူနေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၉ လအတွင်း မြန်မာလုပ်သား ၄,၀၀၀ ဝန်းကျင် ခေါ်ယူထားရှိကာ ဆက်လက်ခေါ်ယူဦးမည်ဖြစ်ကြောင်းလည်း POEA ထံမှ သိရှိရသည်။

 

တောင်ကိုရီးယားနိုင်ငံ၌ လက်ရှိတွင် မြန်မာလုပ်သား ဦးရေ ၄၀,၀၀၀ ကျော်လုပ်ကိုင်နေလျှက်ရှိကြောင်း ယင်းမှသိရသည်။

 

#ymg/NN
#Yangon_Media_Group