#Local_News
Published _27 September 2022

 

မတော်တဆမှုကြောင့် မလေးရှားနိုင်ငံတွင် သေဆုံးသွားသူနှစ်ဦး၏ အလောင်းများကို မနက်ဖြန် စက်တင်ဘာလ ၂၈ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ မြန်မာလူမူကူညီရေးအသင်း က သိရသည်။

 

"တစ်ယောက်က ကားအက်ဆီးဒင့်၊ နောက်တစ်ယောက်က အလုပ်ခွင် အက်ဆီးဒင့်ဖြစ်တာ။ ကျွန်တော်တိုကတော့ မိသားစုနဲ့ဆက်သွယ်လို့ ရတယ်ဆိုရင် မိသားစုရဲ့ ဆန္ဒအတိုင်း ပြန်ပို့ပေးတာ လုပ်ပါတယ်"ဟု အဆိုပါ အသင်းတာဝန်ရှိသူကပြောသည်။

 

စက်တင်ဘာလ ၂၂ ရက်က မလေးရှားနိုင်ငံ ကလန်းပြည်နယ် ဂါမူဆန်မြို့တွင် နေထိုင်သည့် ချင်းပြည်နယ် ကလေးမြို့မှ အသက် ၂၆ နှစ်အရွယ် (Lian Pom kim )ဆိုသူမှာ ကလန်တန်းပြည်နယ် ဂါမူဆန်မြို့၌ အလုပ်ခွင်အက်ဆီးဒင့်ဖြစ်ကာ ဂါမူဆန်မြို့ဆေးရုံကြီး၌ သေဆုံးခဲ့ကာ စက်တင်ဘာလ ၂၄ ရက်က အဆိုပါ ဂါမူဆန်မြို့၌ပင် ချင်းပြည်နယ် ကလေးမြို့မှ အသက် ၄၁ နှစ် အရွယ် (Suan Deih Thang ) ဆိုသူ ကားအက်ဆီးဒင့်ဖြင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းများကိုမိသားစုများမှ မြန်မာနိုင်ငံသိုပြန်ပို့ပေးရန် အကူညီတောင်းခံလာသဖြင့် ဒေသဆိုင်ရာ ချင်းအမျိုးသားများ ဇိုမီးကွန်မြူနတီ မိသားစုများနှင့် ပူးပေါင်း၍ ယနေ့ စက်တင်ဘာလ ၂၇ ရက် မွန်းလွဲ ၂ နာရီအချိန် persuaran kajang ၌ ဆုတောင်းပွဲကျင်းပကာ မလေးရှားလေကြောင်းခရီးစဉ်ဖြင့် မြန်မာနိုင်ငံမင်္ဂလာဒုံလေဆိပ်သို စက်တင်ဘာလ ၂၈ ရက်တွင် ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group