Published 25 Sept 2022

မြန်မာနိုင်ငံတွင် ခရိုင်များတိုးချဲ့ဖွဲ့စည်းခဲ့ပြီးနောက် ခရိုင်အချို့တွင် ခရိုင်တရားရုံးများ  ဖွင့်လှစ်ခွင့်ပြုတဲ့ အမိန့်တွေကို  ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၇)ရက် ရက်စွဲဖြင့် ထုတ်ပြန်ပေးခဲ့ ကြောင်းသိရှိရပါတယ်။

အဲဒီအမိန့်များအရ အောက်ပါအတိုင်း  ခရိုင်တရားရုံး (၂၆ )ရုံးကို  တိုးချဲ့ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

(၁) ကချင်ပြည်နယ်

               (က)တနိုင်းခရိုင်တရားရုံး

               (ခ) ချီဖွေခရိုင်တရားရုံး

(၂) ကယားပြည်နယ်

               (က) ဒီးမော့ဆို ခရိုင်တရားရုံး

                (ခ) မယ်စဲ ခရိုင်တရားရုံး

(၃)ကရင်ပြည်နယ်

            (က)ကြာအင်းဆိပ်ကြီး ခရိုင်တရားရုံး

            (ခ) သံတောင်ကြီး ခရိုင်တရားရုံး

(၄)ချင်းပြည်နယ်

            (က) တီးတိန် ခရိုင်တရားရုံး

            (ခ) ပလက်ဝ ခရိုင်တရားရုံး

(၅)စစ်ကိုင်းတိုင်းဒေသကြီး

            (က) ရေဦီး ခရိုင်တရားရုံး

            (ခ) ဟုမ္မလင်း ခရိုင်တရားရုံး

            (ဂ) ကောလင်း ခရိုင်တရားရုံး

(၆) တနင်္သာရီတိုင်းဒေသကြီး

            (က) ဘုတ်ပြင်းခရိုင်တရားရုံး

(၇) ပဲခူးတိုင်းဒေသကြီး

            (က) ညောင်လေးပင် ခရိုင်တရားရုံး

            (ခ) နတ်တလင်း ခရိုင်တရားရုံး

(၈) မကွေးတိုင်းဒေသကြီး

            (က) ချောက် ခရိုင်တရားရုံး

            (ခ) အောင်လံ ခရိုင်တရားရုံး

(၉) မန္တလေးတိုင်းဒေသကြီး

            (က)အမရပူရ ခရိုင်တရားရုံး

            (ခ) သပိတ်ကျင်း ခရိုင်တရားရုံး

            (ဂ) တံတားဦး ခရိုင်တရားရုံး

(၁၀) နေပြည်တော်

            (က) ဥတ္တရ ခရိုင်တရားရုံး

            (ခ) ဇေယျာသီရိ ခရိုင်တရားရုံး

            (ဂ) ပျဉ်းမနား ခရိုင်တရားရုံး

(၁၁) မွန်ပြည်နယ်

            (က) ရေး ခရိုင်တရားရုံး

            (ခ) ကျိုက်ထိုခရိုင်တရားရုံး

(၁၂) ရခိုင်ပြည်နယ်

            (က) အမ်း ခရိုင်တရားရုံး

            (ခ) တောင်ကုတ် ခရိုင်တရားရုံး

အဆိုပါအမိန့်ကြေညာစာများကို အမိန့်ကြေညာစာ အမှတ် ၅၄၃/၂၀၂၂ မှ ၅၅၅/၂၀၂၂ အထိဖြင့်  ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

အများစုဟာ တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ခရိုင်အသစ်များအတွက်ဖြစ်ကြပြီး ပြည်ထောင်စုအစိုးရအဖွဲ့က အဆိုပါခရိုင် တရားရုံးတွေရဲ့ ဖွဲ့စည်းပုံကိုအတည်ပြုပေးခဲ့ပြီးနောက် ဖွင့်လှစ်ခွင့်အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

#District_Courts_Myanmar

#ymg/-knl