#Local_News
Published _22 September 2022

 

အက္ခရာနှင့်ရှေ့ဂဏန်းတစ်လုံးတူ တစ်သောင်းဆု အစီအစဉ်ကို အောက်တိုဘာလ(၁)ရက်တွင် ဖွင့်လှစ်မည့် အောင်ဘာလေထီဖွင့်ပွဲကစတင်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက သိရသည်။

 

လက်ရှိ အောင်ဘာလေထီဆုများမှာ သိန်း၅၀၀၀၊ ကျပ်သိနမး ၁၀၀၀၊ ကျပ်သိန်း ၅၀၀၊ ကျပ် သိန်း၂၀၀ ဆုကြီးများ၊ အက္ခရာနှင့်ရှေ့ ငါးလုံးတူလျှင် ၃ သိန်းကျပ်၊ အက္ခရာနှင့်ရှေ့လေးလုံးတူ ၂သိန်းကျပ်၊ အက္ခရာနှင့်ရှေ့သုံးလုံးတူ ၁ သိန်းကျပ်၊ အက္ခရာနှင့်ရှေ့နှစ်လုံးတူငါးသောင်းကျပ် အသီးသီးချီးမြှင့်ပေးလျက် ရှိသည်။

 

ယခုလာမည့် ၄၃ ကြိမ်မြောက်အောင်ဘာလေ ထီပွင့်ပွဲကစ၍ အဆိုပါ အက္ခရာနှင့်ရှေ့ဂဏန်းတစ်လုံးတူ တစ်သောင်းဆု အစီအစဉ်ကို စတင်မည်ဖြစ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group